Monday, July 4, 2011

Aung San Suu Kyi Lecture 1: Liberty, (Burmese version)

လွတ်လပ်မှုကို ရယူခြင်း
ပို့ချချက် () လွတ်မြောက်ရေး
၂၈..၂၀၁၁ ရက်နေ့ ၀၉ ၀၀ နာရီတွင် ထုတ်လွှင့်သော ဘီဘီစီ၏ ပထမဆုံးသော ရေဒီယို အသံလွှင့်ချက်

Sue Lawley ။ လန်ဒန်မြို့အသံလွှင့်ဌာနမှာရှိတဲ့ အသံလွှင့်ခန်းမကနေ ကြိုဆို နှုတ်ခွန်းဆက်သအပ်ပါတယ်။ အောင် ဆန်းစုကြည် ဟာ လွတ်လပ်မှုကို လိုလားတောင့်တတဲ့ လူသားတွေကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ သူမဟာ မြန်မာ ပြည်သူတွေရဲ့ လွတ်လပ်မှုကို ကာကွယ်ပေးဖို့ကြိုးပမ်းရာမှာ ဘဝကို မြှုပ်နှံ ထားခြင်းဖြင့် ကမ္ဘာတဝှမ်းလုံးရဲ့ မျှော် လင့်ချက် အထိမ်းအမှတ်လက္ခဏာတရပ် ဖြစ်လာခဲ့ပါတယ်။


ဒီကနေ့ပို့ချမဲ့ ပို့ချချက်နှစ်ပိုင်းအနက် ပထမပိုင်းကတော့ မြန်မာပြည်တွင်းမှာ လျို့ဝှက်စွာ အသံသွင်းယူပြီး ပြည်ပကို ခိုးထုတ်လာခဲ့တဲ့ တိပ်ခွေနဲ့ ပို့ချချက် ဖြစ်ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံရဲ့ သဘောသဘာဝ နှင့် မြန်မာပြည်တခုတည်းအတွက်သာမက ကမ္ဘာတဝှမ်းလုံးအတွက် အရေးပါပုံကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါ တယ်။ လွတ်လပ်မှုရယူခြင်းနှင့် လွတ်လပ်မှုအတွက် အနိုင်ရရှိရန် လူသားတို့ရဲ့ သန်နိဋ္ဌာန်စိတ်ဟာ ဘယ်အခါကမှ မရှိဘူးတဲ့ ပိုမိုအားကောင်းတဲ့အချိန်မှာ ရောက်ရှိနေပါတယ်၊ အခြားသူများရဲ့ အတိုက်အခံ ပြုလုပ်မှုကနေရလာတဲ့ အားတက်မှု တွေဟာ အာဏာရှင်အစိုးရ ဖြုတ်ချရေး ကြိုးပမ်းနေတဲ့ အရှေ့ အလယ်ပိုင်းဒေသနိုင်ငံများစွာက ပြည်သူတွေရဲ့ ဘဝ တွေထဲမှာ မောင်းနှင်နေတဲ့အရာ ဖြစ်နေပါတယ်၊ တချိန်တည်းမှာပဲ တည်ရှိဆဲ လွတ်လပ်မှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်း နေတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ခိုက်ရေးဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။

ယခုနှစ်ရဲ့ ပထမဦးဆုံး Reith Lectures အပိုင်းနှစ်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း (၅၀) နီးပါး စစ်အာ ဏာရှင်ရဲ့ အုပ်‌စိုးမှုခံစားနေရတဲ့ နိုင်ငံတနိုင်ငံမှာ မင်းဆိုးမင်းညစ်ကို အတိုက်အခံပြုလုပ်ခဲ့မှု ဖြစ်စဉ်ကို ပထမပိုင်းမှာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် တတိယပိုင်း ဟောပြောမှုကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ လုံခြုံရေးဌာ နဖြစ်တဲ့ MI5 ရဲ့ အကြီးအကဲဟောင်း Eliza Manningham-Buller က ပို့ချသွားမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ အကြမ်းဖက်ဝါဒရဲ့ သဘောသဘာဝနှင့် စပ်လျဉ်းပြီး ရရှိထားတဲ့ သူမရဲ့အတွေ့အကြုံတွေကနေ လွတ်လပ်မှုအပေါ် နောက်ထပ်မျှော်လင့်ချက်တွေ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်နိုင်ငံကိုပြန်သွားတဲ့ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာစစ်အာဏာရှင်ကို အတိုက်အခံပြုရာမှ ဦးဆောင်မှုပေးလျက်ရှိပါတယ်၊ နောက် ()နှစ်အကြာမှာ သူမရဲ့နိုင်ငံရေးပါတီဖြစ်တဲ့ NLD ပါတီဟာ အထွေထွေရွး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲရလာဒ်ကို မသိကျိုးကျွံပြုခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ချထားခြင်းခံခဲ့ရပြီး အင်္ဂလန်နိုင်ငံမှာရှိတဲ့ မိသားစုနှင့် ကွဲကွာခဲ့ရသည့်‌ အပြင် ဆက်လက်တိုက်ပွဲဝင်ဖို့ ကာကွယ်ဖို့အတွက် အစိုးရက နိုင်ငံပြန်လာခွင့်မပေးမှာ စိုးရိမ်တဲ့အတွက် သေအံ့ဆဲဆဲ ခင်ပွန်းသည်ဆီ မငဲ့မကွက်သွားရောက်ခြင်း မပြုခဲ့ပါဘူး၊ သူမဟာ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်အကုန်ပိုင်းမှာ သူမဟာ တတိယအကြိမ်မြောက်နှစ်ရှည် အကျဉ်းကျခံနေရမှုကနေ ပြည်လည်လွတ်မြောက် လာခဲ့ပါသည်။ ဒါကြောင့်မြန်မာနိုင်ငံမှာ “The Lady” လို့ လူများစွာရဲ့ လေးစား ကြည်ညိုခံထားရတဲ့ အမျိုးသမီးရဲ့ ဟောပြောမှုကို နားဆင်ကြရအောင်ခင်ဗျာ။ ဘီဘီစီ ရဲ့၂၀၁၁ ခုနှစ် Reith Lecture အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပို့ချက်ဖြစ်ပါတယ်ခင်ဗျာ။

ပရိတ်သတ်၏ လက်ခုပ်သြဘာသံများ …

အောင်ဆန်းစုကြည် … BBC ကနေတဆင့် သင်တို့အား စကားပြောခွင့်‌ရခြင်းဟာ ကျမအတွက် အထူးအဓိပ္ပါယ်သက် ရောက်စေပါတယ်၊ နောက်ထပ်ဆိုလိုတာကတော့ ကျမဟာ တရားဝင် လွတ်လပ်သူ တဦးဖြစ်ပါတယ်၊ ကျမဟာ တ ရားဝင်လွတ်လပ်မှုမရှိခဲ့တဲ့ အချိန်က ဆိုလိုတာက နေအိမ်အကျယ်ချုပ် ချထားခြင်းခံရစဉ်အခါက ကျမဟာ BBC ကို နားထောင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီလို နားသောတဆင်ခြင်းကနေ ကျမကို လွတ်လပ်မှုတမျိုးပေးခဲ့ပါတယ်၊ အခြားသူ များရဲ့စိတ်နှင့် ဆက်သွယ်ခွင့်ရတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်၊ ဒါဟာ လူပုဂ္ဂိုလ်ချင်း အပြန်အလှန်ဆက်သွယ်မှုလို့ ပြောလို့မရပေမဲ့ လူအချင်းချင်း ဆက်သွယ်မှုရဲ့ပုံစံ တမျိုးဖြစ်ပါတယ်၊ အခြားလူသားများနှင့် ဆက်သွယ်မှု လွတ်လွတ် လပ်လပ် ပြုနိုင်ရန်မှာ သင်တို့အနေနဲ့ သင်တို့ရဲ့အတွေး၊ သင်တို့ရဲ့ မျှော်လင့်ချက်၊ သင်တို့ရဲ့ ပျော်ရွှင် ရယ်မောမှု၊ ပြီးတော့ အကြိမ်များစွာမှာရှိတဲ့ သင်တို့ရဲ့ ဒေါသ အမျက်ထွက်မှု၊ နာကျည်းမှုတို့ကို မျှဝေပေးဖို့ ဆန္ဒဟာ ဘယ်သော အခါကမျှ ချိုးဖောက်ခြင်းမခံရတဲ့ လွတ်လပ်ခွင့် ဖြစ်သင့်ပါတယ်၊ ဒါကြောင့် ကျမဟာ ဒီနေ့မှာ သင်တို့နှင့်အတူ တဦး ချင်းတွေ့ဆုံခွင့် မရခဲ့ဘူးဆိုရင်တောင်မှ ကျမ နားလည်ထားတဲ့ လွတ်လပ်မှုမရှိလို့ ဝမ်းနည်းဖွယ်ရာ နိုင်ငံဘဝမှာ နေ ထိုင်နေရဆဲဖြစ်တဲ့ ကမ္ဘာတဝှမ်းက သင်တို့ကို ကျမရဲ့အတွေးတွေ မျှဝေပေးခြင်းကို လူသားချင်းဆက်သွယ်ကျင့်သုံး နိုင်တဲ့ အခွင့်အရေးရနေမှုအပေါ် များစွာပဲ ကျေနပ်အားရခြင်း ဖြစ်မိပါတယ်။

ကျမဟာ ကံအားလျှော်စွာပဲလား ဒါမှမဟုတ် တိုက်ဆိုင်လို့ပဲလား ဒါမှမဟုတ် နှစ်ခုစလုံးကြောင့်လား ပထမဦးဆုံး ဖတ်ဖူးတဲ့ ကိုယ်ရေးအတ္ထုပ္ပတိစာအုပ်ကတော့ ၁၉၅၀ ခုနှစ် ဦးပိုင်းနှစ်များ အတွင်း ကွန်မြူနစ်ပါတီ သန့်စင်ရေး ကာ လမှာ မှားယွင်းတဲ့ဂိုဏ်းဖက်က ပါဝင်ခဲ့တဲ့ ဟန်ဂေရီ အမျိုးသမီး တဦးရေးခဲ့တဲ့ Seven Years Solitary ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်၊ အသက် (၁၃)နှစ် အရွယ်သာရှိတဲ့ ကျမဟာ သူမကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့စိတ် နေ့စဉ်နှင့်အမျှ လွှမ်း မိုးနေတဲ့ ယောက်ကျားတွေနဲ့သာ လူလူချင်း ဆက်ဆံမှုပြုခဲ့ရတဲ့ နှစ်ပေါင်းများစွာအတွင်း သူမရဲ့ အတွေးကို ပြတ်သား အောင် သူမရဲ့စိတ် မပျက်ပြားရလေအောင် တဦးတည်းကြံ့ကြံ့ခိုင် ထိန်းသိမ်းနိုင်ခဲ့တဲ့ အမျိုးသမီးတဦးရဲ့ စိတ်ဆုံးဖြတ် ချက် ခိုင်မာပြတ်သားမှုနှင့် ဆင်ခြင်တိုင်းထွာနိုင်တဲ့ ဉာဏ်တွေဟာ ကျမကို ညို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။

လူတယောက်ဟာ သဘောထား ကွဲလွဲမှုရှိတဲ့ အကြောင်းကိစ္စရပ်မှာ မဖြစ်မနေပါဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ဖြစ်လာ သမျှကို သည်းညည်းမခံနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ထားရေးဟာ အခြေခံအကျဆုံးသော လိုအပ်ချက်တွေအနက် တခုအပါအဝင် ဖြစ်ပါတယ်၊ တကယ်တော့ သည်းညည်းမခံ နိုင်မှုဟာ တည်ရှိဆဲသဘောထားကွဲလွဲမှုတွေရဲ့ ကြီးမား တဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေပါတယ်။

ဘယ်လိုလူစားမျိုးတွေဟာ ဆင်းရဲချို့တဲ့မှု လမ်းကြောင်း လျှောက်လှမ်းဖို့အတွက် တမင်သက်သက် ရွေးချယ်ကြပါသ လဲ၊ Max Weber က စိတ်ထားထက်သန်မှု၊ တာဝန်သိတက်မှုနှင့် အတိုင်းအဆ သိတတ်မှုတို့မှာ နိုင်ငံရေးသမားတွင် ရှိရမည့် အရေးပါသော အရည်အချင်း () ရပ်အဖြစ် တိတိကျကျ ခွဲခြားသတ်မှတ်ခဲ့ပါတယ်၊ ပထမအချက်ဖြစ်သည့် စိတ်အားထက်သန်မှုဆိုသည့်အချက်ကို ၎င်းက အရေးကိစ္စတရပ်တွင် လုံးလုံးလျားလျား စိတ်အာရုံနှစ်မြှုပ်ထားမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်၊ အဲဒီလို စိတ်အားထက်သန်မှုဟာ သဘောထားကွဲလွဲမှုရှိတဲ့ လူတွေအတွက် အလွန်တရာ မှ အရေးပါလှပါတယ်၊ အဲဒီလို စိတ်အားထက်သန်မှုမျိုးဟာ မိမိကိုယ်ကို အမွှမ်းတင်ပြောဆိုသည်ဖြစ်စေ၊ မပြောဆို သည်ဖြစ်စေ၊ ဆုံးဖြတ်ချက်ပေးရသူ၊ လူတဦးချင်းနှင့် လူတိုင်း၏ စိတ်နှလုံးမှာ ထားရှိရမည့်အရာဖြစ်ပါတယ်၊ အတိုက် အခံ နိုင်ငံရေးလောကအတွက် ပြောဆိုနေခြင်း ဖြစ်ပါတယ်။

အဲဒီ အတိုက်အခံနိုင်ငံရေးလောကမှာ ဇောက်ချလုပ်ကိုင်နေသူများက အသိအမှတ်ပြုပေးနိုင်သည့် ထူးခြားသော ပြင် ပ လက္ခဏာများ မရှိပါဘူး၊ အကျယ်အဝန်း အသင့်အတင့်ရှိပြီး ပြိုလုဆဲဆဲ တဲအိမ်နှင့် NLD ရုံးချုပ်ကို နွားတင်းကုတ် အဖြစ် တကြိမ်ထက်မက ဖော်ပြခံခဲ့ရပါတယ်၊ အဲဒီမှတ်ချက်စကားကို ဂရုဏာနှင့် အမြဲတမ်းပြုလေ့ရှိပြီး ရံဖန်ရံခါမှာ နှစ်လိုဖွယ်အပြုံးနှင့်‌ ပြုံးပြီးဆိုကြပေမဲ့   ကျမတို့တော့ ခုခံ ချေပပြီး ပြန်ပြောခဲ့တာမရှိပါဘူး၊ အားလုံးသောအရာတွေ ထက် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအများဆုံးရှိတဲ့ လှုပ်ရှားမှုတခုဟာ နွားတင်းကုတ်တခုကနေ အစပျိုးခဲ့တယ်ဆိုတာ ဟုတ် ပါသလား။
ဆင်းရဲနုံချာပြီး လူတွေနဲ့မချိမဆန့် ပြည့်ကြပ်နေတဲ့ရုံးခန်းမှာ သင်တို့အနေနဲ့ သာမန်လူအသွင် သဏ္ဌာန်ရှိတဲ့လူတွေကို တွေ့မြင်နေရလိမ့်မယ်ဖြစ်ပါတယ်၊ ကဗျာသမားဆန်ဆန် ဆံပင်ကို ဘိုသီဘတ်သီနှင့် လူအိုကြီးတယောက်ဟာ ဝါရင့် သတင်းထောက်တဦး ဖြစ်ပါတယ်၊ သူဟာ အတိုက်အခံသမားတို့၏ အကြီးအမှူးတဦးလည်းဖြစ်ပြီး ထောင်ထဲမှာ နှစ် (၂၀) ကြာနေခဲ့ပြီး ပြန်လွတ်လာတဲ့အခါမှာ “ဒါလားဟဲ့ ငရဲ” (Is This A Human Hell) အမည်ရှိတဲ့ သူ့ရဲ့ ကြောက် မက်ဖွယ်ရာ အတွေ့အကြုံအကြောင်း စာအုပ်တအုပ် ရေးသားခဲ့ပါတယ်၊ သူဟာ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်တယ် ဆိုတဲ့အကြောင်း အမြဲသတိပြုနှလုံးသွင်းနိုင်ရေးအတွက် အပြာရောင် ထောင်ဝတ်စုံကို အမြဲဝတ်ဆင်လေ့ရှိတယ်။

သပ်ယပ်စွာဝတ်ဆင်ထားပြီး မျက်နှာမှာ ပူပင်သောကရဲ့ အ ရေးအကြောင်းတွေမရှိဘဲ မျက်မှန်တပ်ထားတဲ့ ဒီအမျိုး သမီးဟာ ထောင်ထဲမှာ () နှစ် နေခဲ့ရတဲ့ ဆရာဝန် တဦးဖြစ်ပါတယ်၊ သူမဟာ ပြီးခဲ့တဲ့ () နှစ်အကြာက ထောင်က လွတ်လာပြီးကတည်းက ကျမတို့ ပါတီရဲ့ လူမှုရေးနှင့် လူသားချင်းစာနာရေးစီမံကိန်းတွေမှာ မအားမလပ်နိုင်အောင် ပါဝင်ဆောင်ရွက်လျက်ရှိသူ ဖြစ်ပါတယ်၊ အဲဒီမှာ အသက် (၈၀) အရွယ် ချစ်စဖွယ် အမျိုးသမီးအိုကြီးတွေရှိပါတယ်၊ သူတို့ဟာ ၁၉၉၇ ခုနှစ်ကစပြီး ကျမတို့ ရုံးခန်းကို ပုံမှန်လာရောက်လျှက်ရှိသူများ ဖြစ်ကြပါတယ်၊ ကျမတို့ရဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုများရဲ့ အဖွဲ့ဝင်ဦးရေများစွာတို့ဟာ အကြီးအကျယ်ဖြိုခွင်းခံရပြီး ထောင်ထဲ ရောက်ရှိသွားခဲ့ရတဲ့ အချိန် ကာလဟာ ကျမတို့အတွက် ဆူနာမီကြီး တခုလိုပါပဲ။

ကျမတို့ပါတီရဲ့ အစည်းအဝေးတခုမှာ ကျမတို့ဟာ အရှုံးပေးမှာ မဟုတ်ဘူးဆိုတာကို အစိုးရကို ပြသဖို့အတွက် ဝေးရာ အရပ်ဆီကို ပို့ဆောင်ခြင်းခံခဲ့ရတဲ့ သူတွေရဲ့ ဇနီးတွေ၊ ကလေးငယ်တွေ၊ မိဘအိုကြီးတွေကို လာရောက်စုဝေးဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီ ချစ်စရာကောင်းတဲ့ အမျိုးသမီးအိုကြီးတွေဟာ စံပြအဖြစ် ရွေးကောက်ခံရတဲ့ သတ္တိရှိသူတွေ ဖြစ်ကြတယ်။ သူတို့တတွေဟာ ဇွဲကောင်းသူများ ဖြစ်နေကြဆဲ ဖြစ်ပါတယ်။

သင်တို့အနေနဲ့ ကျမတို့ရဲ့ NLD ရုံးမှာ မြန်မာအနေနဲ့ ‌ပြောရမယ်ဆိုရင် အရွယ်ကောင်းလို့ ခေါ်ဆိုနိုင်မယ့် အမျိုးသား အမျိုးသမီးတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ တတွေဟာ အသက် (၄၀) ဝန်းကျင်အ ရွယ် ရှိကြသူများဖြစ်တယ်။ သူတို့တတွေဟာ ဒီမိုကရေစီအ‌ရေး လှုပ်ရှားမှုမှာ ပါဝင်လာကြစဉ်အခါက အသက် (၂၀) အရွယ် ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ် လွန်မြောက်ပြီးခါစများ ဖြစ်ကြတယ်။ တက်ကြွတဲ့ မျက်နှာနဲ့၊ တောက်ပ တဲ့ မျက်လုံးနဲ့၊ အရေးတော်ပုံအတွက် စိတ်အားထက်သန်ကြသူများ ဖြစ်တယ်။ ခုနေအခါမှာတော့ သူတို့တတွေဟာ ပိုပြီးတည်ငြိမ်လာပြီး ပိုပြီးရင့်ကျက်လာကာ ဆုံးဖြတ်ချက် ပိုမိုခိုင်မာပြတ်သားလာကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ  စိတ်အား ထက်သန်မှု ပြင်းပြလာခဲ့ရခြင်းဟာ သူတို့ဖြတ်သန်းလာခဲ့ရတဲ့ အမှုစစ်ဆေး စီရင်ခံရမှုကနေ အစပျိုးခဲ့ ရခြင်း ဖြစ်ပါတယ်။ ရှင်တို့အနေနဲ့ သူတို့ဟာ ထောင်ထဲရောက်ဖူးရဲ့လားလို့ မေးရမဲ့အစား ထောင်ထဲကို ဘယ်နှစ်ကြိမ် ရောက်ဖူးပြီလဲလို့ မေးမြန်းရမှာဖြစ်ပါတယ်။

ပြီးတဲ့နောက် ငယ်ရွယ်တဲ့လူတွေ ဒါပေမဲ့ သိပ်အငယ်ကြီးတွေမဟုတ်တဲ့ လူငယ်တွေဟာ စစ်ကြောမေးမြန်းခြင်းနှင့် ထောင်တွင်း အကျဉ်းချခံရခြင်းတို့နှင့် ကြုံတွေ့ဖူးခြင်းရှိကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ မျက်နှာဟာ မျှော်လင့်ချက်ရဲ့ အ ရောင်တောက်ပနေပေမဲ့  အယူအဆအလွန်အကျွံ အစွန်းရောက်ခြင်း မရှိပါဘူး။ သူတို့က သူတို့ဖာသာသူတို့ ဘာလုပ် ရမယ်ဆိုတာကို သိကြပါတယ်။ သူတို့ဟာ အနာဂတ်အတွက် စိန်ခေါ်မှုတွေကို ကြည်လင်တဲ့ မျက်လုံးနဲ့ လက်ခံထား ကြသူတွေ ဖြစ်တယ်။ သူတို့ရဲ့ လက်နက်ဟာ သူတို့ရဲ့ ယုံကြည်ချက်ဖြစ်ပြီး သူတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ သူတို့ရဲ့ စိတ်အားထက်သန်မှု၊ ကျမတို့ရဲ့ စိတ်အားထက်သန်မှုတွေ ဖြစ်ကြပါတယ်။
အဲဒီစိတ်အားထက်သန်မှုဟာ ဘာလဲ၊ အစဉ်အလာအရ တည်ရှိလာတဲ့ သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်တဲ့ အ နေနဲ့ ကျမတို့က စိတ်အားထက်သန်စွာနဲ့ ရည်ရွယ်ပြုလုပ်တဲ့ အရေးတော်ပုံဆိုတာ ဘာလဲ၊ သဘောထား ကွဲလွဲသူတွေ ရဲ့ အခြေခံကျတဲ့ လုပ်ငန်းရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုထားတဲ့ Vaclav Havel အဆိုအရဆိုလျှင် ကျမတို့ဟာ လူတိုင်းရဲ့ လွပ်လပ်ခွင့်နဲ့ စစ်မှန်တဲ့ ဘဝတည်ဆောက်ခွင့်ကို အကာအကွယ်ပေးဖို့အတွက် ရည်စူးလုပ်ဆောင်နေခြင်းဖြစ်ပါ တယ်။ အခြားနည်းနဲ့ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ စိတ်အားထက်သန်မှုဟာ လွတ်လပ်မှု ရှိပါတယ်။

စိတ်အားထက်သန်မှုကို ဘာသာရေးအမြင်အရ ဒုက္ခလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ကျမအနေနဲ့ နိုင်ငံရေး စကားရပ် အနေနဲ့  အခိုင်အမာ ပြောလိုတာကတော့ စိတ်အားထက်သန်မှုဆိုတာ ခွက်တခုကို လက်လွတ်အဆုံးအရှုံးခံရတာ ထက် အမိအရ ရယူဖို့ တမင်ရည်ရွယ်ဆုံးဖြတ်လိုက်တဲ့ ရွေးချယ်မှုကြောင့် ခံစားရတဲ့ဒုက္ခလို့ သွယ်ဝိုက် ညွှန်းဆိုလိုပါ တယ်။ ဒါဟာ လွယ်လွယ်ကူကူနဲ့ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျမတို့ဟာ ဒုက္ခခံစားရမှုကို မလိုလားပါ ဘူး။ ကျမတို့ဟာ ဒုက္ခခံစားရမှုကို သာယာတတ်တဲ့ သူတွေမဟုတ်ပါဘူး။ ကျမတို့ စိတ်အားထက်သန်မှုရဲ့ အကြောင်း ပြချက်အပေါ်မှာ တန်ဖိုး မြင့်မားစွာထားခြင်းရဲ့ အကြောင်းအရင်းကတော့ တခါတရံမှာ ကျမတို့ ကိုယ်တိုင်အတွက် ထက် ဒုက္ခကို ရွေးချယ်နိုင်စွမ်း ရှိပါတယ်။

၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့  မြို့ငယ်လေးတမြို့ဖြစ်တဲ့ ဒီပဲယင်းမြို့ကို စည်းရုံးရေး အတွက် သွားရောက်တဲ့ ခရီးစဉ်မှာ ကျမနဲ့အတူ လိုက်ပါလာတဲ့ NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူများရဲ့ ယာဉ်တန်း တခုဟာ စစ်အစိုးရရဲ့ အမိန့်ပေးမှုနှင့် ပြုလုပ်တဲ့ အမည်မသိ ရန်ပြုသူများရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ တိုက် ခိုက်သူများရဲ့ ကံကြမ္မာကို ဒီနေ့အထိ ဘာမျှ မသိရသေးပေမဲ့ သားကောင်များဖြစ်တဲ့ ကျမတို့ဟာ ဖမ်းဆီးခြင်းခံခဲ့ရပါ တယ်။ ကျမဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး တယောက်တည်း အ ထီးကျန်စွာ ထိန်းသိမ်း ခံခဲ့ရပါတယ်။ ကျမဟာ အခြားအကျဉ်းသားများထားရှိရာ အဆောင်နဲ့ သီးသန့်ခွဲခြားဆောက် ထားတဲ့ ဘန်ဂလိုငယ်တခုထဲမှာ ကောင်းမွန်စွာထိန်းသိမ်းခံခဲ့ ရတယ်ဆိုတာကိုတော့ ဝန်ခံ‌ပြောကြားလိုပါတယ်။

တမနက်မှာ ကျမဟာ နေ့စဉ်လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်နေရင်း တန်းလန်းမှာပဲ ငါမဟုတ်သေး ပါလား၊ နိုင်ငံရေးအကျဉ်းသား တယောက်အနေနဲ့ ပထမဦးဆုံးလုပ်ရမဲ့ ဝတ်တရားတခုကတော့ မိမိ ကိုယ်ကို ကျန်းမာအောင် တတ်နိုင်သမျှ လုပ်ရမယ်ဆိုတာကို သဘောပေါက် လာခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့မှ မဟုတ်ရင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ အိပ်ယာထဲမှာ ခွေခွေလေးလှဲနေပြီး ဒီပဲယင်းမှာ ကျမနဲ့အတူ ရှိခဲ့တဲ့လူတွေရဲ့ ကံကြမ်မာအပေါ် စိုးရိမ်ပူပန်နေလို့ မဖြစ်ဘူး။ သူတို့ထဲက လူဘယ်နှစ်ယောက် အပြင်းအ ထန် အရိုက်ခံခဲ့ရသလဲ၊ သူတို့ထဲက လူဘယ်နှစ်ယောက် ကျမမသိတဲ့နေရာဆီကို အတင်းဆွဲခေါ်ခံသွားရသလဲ၊ သူ တို့ထဲက လူဘယ်နှစ်ယောက် သေခဲ့ရသလဲ၊ ပြီးတော့ NLD အတွက် ဘာတွေဆက်ဖြစ်နေသလဲ၊ ကျမက စိုးရိမ်ပူပန်မှု နဲ့ မသေချာ မရေရာမှု ခံစားနေခဲ့ရတယ်။ ကျမ ဒီနေရာမှာ ရောက်နေရမှာ မဟုတ်ဘူး။

အဲဒီအချိန်မှာ ကျမဟာ ‘မဟုတ်သေးဘူး၊ ဒါဟာ ငါမဟုတ်ဘူး၊ ဒါဟာ တယောက်ယောက် ဖြစ်လိမ့်မယ်၊ ဖြစ်ခဲ့သမျှ အားလုံးဟာ ငါတွေ့ကြုံခဲ့တာ မဟုတ်ဘူး’ လို့ Akhmatoava  ရေးသားခဲ့တဲ့ စာကြောင်းကို ပြန်ပြီးအမှတ်မရခဲ့သေးဘူး။ အချိန်များစွာ ကြာမြင့်လာသည့်အခါမှသာ  ကျမရဲ့ကိုယ်ပိုင် အိမ်ဆီကို ပြန်သွားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲမှာပဲ အဲဒီစကားလုံးတွေကို ကျမပြန်ပြီး အမှတ်ရနေခဲ့ပါတယ်။ အဲဒီလို ပြန်လည်အမှတ်ရ မှုရဲ့ တခဏတာအချိန်လေးမှာပဲ ကျမဟာ ခွန်အားတွေ တိုးပွားလာခဲ့ရပါတယ်။

ကဗျာဟာ ကြီးကျယ်တဲ့ပေါင်းစပ်ဖွဲ့စည်းမှုရှိပြီး သူ့မှာ နေရာနှင့် အချိန်တို့ရဲ့ ပိုင်းခြားသတ်မှတ်မှု မရှိဘူးဆိုတာ သိထား ပါတယ်။ အပြာရောင် ထောင်ဝတ်စုံဝတ်ထားတဲ့ ဦးဝင်းတင်ဟာ စစ်ကြောမေးမြန်းခြင်း ခံနေစဉ်အချိန်မှာ Henley ရဲ့ Invictus  ဆိုတဲ့ကဗျာဟာ အားကိုးအားထားပြုရာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ကဗျာဟာ ကျမရဲ့ဖေဖေနဲ့ လွတ်လပ်ရေးအ တွက် တိုက်ပွဲဝင်စဉ်ကာလ ခေတ်ပြိုင်ပုဂ္ဂိုလ်များအတွက် လွတ်လပ်မှုရရှိရေးတိုက်ပွဲဝင်ရာမှာ လှုံ့ဆော်ပေးတဲ့အရာ ဖြစ်ခဲ့ပါတယ်။ ကြိုးစားရုန်းကန်ခြင်းနှင့် ဒုက္ခခံစားရမှု၊ သွေးချင်းချင်းနီနေပြီး ဦးမညွှတ်တဲ့ ဦးခေါင်း၊ သေဆုံးခြင်း အဲဒါ တွေအားလုံးဟာ လွတ်မြောက် ရေးအတွက် ဖော်ပြတဲ့အရာများဖြစ်ကြပါတယ်။

ကျမတို့ လိုလားတောင့်တတဲ့ လွတ်လပ်မှုဆိုတာဘာလဲ၊ ကျမတို့ရဲ့ အာသာဆန္ဒပြင်းပြတဲ့ အတိုက်အခံသမားများ လို ချင်တဲ့ လွတ်လပ်မှုဟာ ပညာရှင်များအဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ သီအိုရီနဲ့ အထူး သက်ဆိုင်ခြင်း မရှိပါဘူး။ အဲဒီစကားလုံး ရဲ့အဓိပ္ပါယ်ဘာကိုဆိုလိုသလဲဆိုတာ အတင်းအကြပ်မေးလာခဲ့ မယ်ဆိုလို့ရှိရင် သူတို့တတွေက နိုင်ငံရေးအကျဉ်းသား မရှိရေး၊ ဒါမှမဟုတ် လွတ်လပ်စွာ‌‌ပြောဆိုခွင့်၊ သတင်းဖော်ပြခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ ဒါမှမဟုတ် မိမိတို့အလိုရှိတဲ့ အစိုးရကို ရွေးချယ်ပိုင်ခွင့်၊ မိမိ ပြုလုပ်လိုသည့်အရာကို ပြုလုပ်နိုင်ခွင့် စသည်ဖြင့် သူတို့ အလွတ်ကျက်ထားတဲ့အတိုင်း ဒိုးဒိုးဒေါက်ဒေါက် ရွတ်ပြသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ရိုးစင်းတယ်လို့ ထင်ရပေမယ့်၊ အန္တရာယ်ရှိတဲ့ ရိုးစင်းမှု ဖြစ် ကောင်း ဖြစ်နိုင်ပေမယ့်လည်း အဲဒီဖော်ပြချက်တွေဟာ လွတ်လပ်မှုရဲ့ သဘောသဘာဝကို ထင်ဟပ်ဖော်ပြလျှက် ရှိပါ တယ်။

နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးမြှင့်မှု အကြိမ်တိုင်းမှာ လွတ်မြောက်လာတဲ့အခါ ဘယ်လိုခံစားရသလဲလို့ အမေးခံရမယ်ဆိုလို့ရှိရင် ကျမရဲ့စိတ်ဟာ အမြဲတမ်းလွတ်မြောက်နေတဲ့အတွက် ထူးခြားတဲ့ခံစားချက်မရှိပါဘူးလို့ အ ချိန်မရွေး ပြန်ဖြေမှာ ဖြစ်ပါတယ်။ တဦးတယောက်ရဲ့အတွင်းစိတ် လွန်မြောက်မှုဟာ သူ့ရဲ့ ယုံကြည်ချက်နှင့် လိုက် လျောညီထွေမှုရှိတဲ့ အကြောင်းအရာရဲ့နောက် ဆက်တွဲအဖြစ်ပေါ်ထွက်လာခြင်းဖြစ်တယ်။ Isaiah Berlin က အတွင်းသဏ္ဌာန်လွတ်မြောက်မှုရဲ့ အန္တရာယ်များအပေါ် သတိပေး‌ပြောဆိုထားခဲ့ပါတယ်။

ကိုယ်ကျင့်‌တရား အောင်နိုင်မှုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုကို လွတ်မြောက်မှုရဲ့ ပိုပြီးအခြေခံကျတဲ့ သ ဘောသဘာဝနဲ့ အောင်မြင်မှုရဲ့ ပိုပြီးရိုးစင်းတဲ့ သဘောသဘာဝတို့နဲ့ ခွဲခြားသိမြင် ထားရမှာဖြစ်ပါတယ်။ တနည်းအား ဖြင့်‌ပြောရမယ်ဆိုရင် လွတ်မြောက်မှုကိုယ်၌မှာပဲ သီအိုရီသဘောအရ ရှုပ်ထွေးမှုနှင့် လက်တွေ့ကျင့်သုံးရာမှာ မျှတမှု ရှိရေး အတင်းအကြပ် လုပ်ဆောင်မှုရဲ့ အန္တရာယ်တရပ် ရှိနေမှာ ဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုကို အခြားလွတ်မြောက်မှု အားလုံးအတွက် စိတ်ကျေနပ်စရာ အစားထိုးစရာအဖြစ် လက်ခံခြင်းဟာ ပြုသမျှကို မတုန်မလှုပ်နဲ့ သည်းခံမှုဘက်ကို ဦးတည်သွားမယ့် အန္တရာယ် အသေအချာ ရှိနေပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုဟာ ပိုပြီးအခြေခံကျတဲ့ လွတ်မြောက်မှုများအတွက် လက်တွေ့ကျတဲ့ စိတ် ဓါတ်ခွန်အားကို အားဖြည့်ပေးနိုင်ပါတယ်။ ဗုဒ္ဓဘာသာမှာ အဆုံးစွန်လွတ်မြောက်မှုဟာ အလိုဆန္ဒအားလုံးကနေ လွတ် မြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်  ဗုဒ္ဓရဲ့မိန့်ဆိုမှုတွေဟာ လူအခွင့်အရေးနဲ့ နိုင်ငံရေးပြုပြင်‌ပြောင်းလဲမှုတွေ နဲ့ဆိုင်တဲ့ လွတ်လပ်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ မကိုက်ညီဘူးလို့ ငြင်းခုံစရာ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ၂၀၀၇  ခုနှစ် အတွင်း မြန်မာသံဃာတော်တွေ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြခဲ့စဉ်က လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ပြည် သူတွေ စားသုံး နိုင်ဖို့အတွက် သံဃာတော်တွေက စိတ်ပိုင်းဆိုင်ရာစွမ်းအားကို အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။ လူသား တွေ လူပီသစွာ နေထိုင်ဖို့လိုအပ်တဲ့ အခြေခံရပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေဟာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နဲ့ တူညီ တယ်လို့‌ပြောလို့ မရပါဘူး။

ကျမအထူးတန်ဖိုးထားတဲ့ အခြေခံလူ့အခွင့်အရေးဆိုတာ ကြောက်ရွံ့မှုကနေ ကင်းဝေးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှု အစပြုခဲ့ကတည်းက ကျမတို့ မြန်မာ့လူ့ဘောင်တခုလုံး အမြစ်တွယ်နေတဲ့ အကြောက်တရား ကို ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာပြည်ကို လာရောက်လည်ပတ်သူတွေက မြန်မာလူမျိုးတွေဟာ နွေးထွေးဖော်ရွကြေတယ်လို့ အလျင်အမြန် မှတ် ချက်ချလေ့ရှိပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက နိုင်ငံရေးကိစ္စရပ်တွေ ဆွေးနွေးရမှာလည်း ကြောက် တယ်လို့ မှတ်ချက်ချခံခဲ့ရပါတယ်။ လွတ်လပ်မှုအတွက် စတင်တိုက်ပွဲ ဝင်တဲ့အခါ ကြောက်ရွံ့မှုဆိုတာကို အရင်ဆုံး ကျော်လွှားရမှာ ဖြစ်ပါတယ်။ အဆုံးစွန်ထိလည်း ဒီအတိုင်း တသမတ်တည်း သွားရမှာဖြစ်ပါတယ်။ ကြောက်ရွံ့မှုလုံး လုံးကင်းဖို့တော့ မလိုပါဘူး။ ရှေ့ဆက်လုပ်ဖို့ လုံလောက်တဲ့ သတ္တိရှိရင်ပဲ ရပါပြီ။

အတိုက်အခံတွေအနေနဲ့ ၎င်းတို့တာဝန်ထမ်းဆောင်ရာတွင် ကြောက်စိတ်မရှိ ဟန်ဆောင်နေကြရပြီး ၎င်းတို့၏ ရဲဘော် ရဲဘက်များ ယင်းသို့ ဟန်ဆောင်နေကြသည်ကိုလည်း မမြင်ဟန်ဆောင်နေကြရသည်။ ဒါဟာ လိမ်လည်ဟန်ဆောင်မှု မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ အားသစ်လောင်းသွားရမယ့် ခွန်အားသတ္တိ ဖြစ်ပါတယ်။ ဒီစိတ်ဓါတ်နဲ့ လွတ်မြောက်မှုအ တွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

Akhmatova  နဲ့ Ratushinskaya တို့က ရုရှားတွေဖြစ်ပါတယ်။ Henley က အင်္ဂလိပ်လူမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုအောက်မှ ရှင်သန်ဖို့နဲ့ ကိုယ့်ကြမ်မာကိုယ်ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်ကြတာတော့ လူမျိုးတိုင်းမှာအတူတူပဲ ဖြစ်ပါ တယ်။ အရှေ့အလယ်ပိုင်းကစတင်လာတဲ့ လူသားတွေရဲ့လွတ်မြောက်လိုတဲ့ ဆန္ဒက မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ။
အခြားနိုင်ငံက လူမျိုးစုတွေလိုပဲ မြန်မာလူမျိုးတို့ စိတ်လှုပ်ရှားမှု ဖြစ်နေကြပါပြီ။ တူနီးရှားနိုင်ငံရဲ့ ၂၀၁၀ ဒီဇင်ဘာ ဆူပူ မှုနဲ့ ကျမတို့ရဲ့ ၁၉၈၈ အရေးအခင်းနဲ့ တူညီမှုတွေအများကြီးရှိပါတယ်။ အရေးမကြီးဘူးလို့ထင်ရတဲ့ သေးငယ်တဲ့ ကိစ္စ ရပ်တွေက အစပြုဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

တူနီးရှားနိုင်ငံမှ သာမန်သစ်သီးသည်တဦးမှ အစပြုကာတော်လှန်မှုကြီးတရပ်လုံး ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လည်း ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းသားများနှင့် ဒေသခံများအကြား လက်ဖက်ရည်ဆိုင်တွင် စကားများရန်ဖြစ်ရာမှ အစပြု၍ ဆူပူမှုကြီးဖြစ်ပွားခဲ့ပါတယ်။

ဝန်စည်စလယ်များစွာ ထမ်းထားရသည့် ကုလားအုတ်တကောင်အဖို့ ကုန်စည်များ ထမ်းထားရစဉ်တွင် ၎င်းတတ်နိုင် သည့် ဝန်ပမာဏအတွင်း မသိသာသော်လည်း ယင်းပမာဏ ကျော်လွန်သွားချိန်တွင် ကောက်ရိုးတမျှင်ပင် ထပ်မံ၍ အတင်မခံနိုင် တော့သည့် အနေအထားမျိုး ဖြစ်ပါတယ်။

တူနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် လူငယ်နှစ်ဦး သေဆုံးမှုက ပြည်သူတို့ထမ်းထားရသည် မတရားမှုနှင့် ဖိနှိပ်မှု ဝန်ထုပ် ဝန်ပိုးကြီးကို ၎င်းတို့သည်းခံနိုင်သည့် ပမာဏထက်ကျော်လွန်နေပြီးဖြစ်ကြောင်း မီးမောင်းထိုးပြသည့်‌ ကြေးမုံမှန်ကဲ့သို့ ဖြစ်ခဲ့ပါတယ်။ တူနီးရှားတော်လှန်ရေးတပ်ဦးမှာ လူငယ်များဖြစ်နေခြင်းမှာ ကျမတို့အတွက် အံ့သြစရာမဟုတ်ပါ။ မိမိတို့ ကိုယ်ပိုင်ရပ်တည်ချက်အတွက် ဆုံးဖြတ်ခွင့်ရရေး တောင်းဆိုကြသူများအနက် နိုင်ငံကျော်အဆိုတော်တဦးလည်း ပါဝင် ခဲ့ပါတယ်။

ယနေ့ မြန်မာနိုင်ငံတွင်လည်း Generation Wave အဖွဲ့၏ အမာခံဖြစ်သည့် လူငယ်အဆိုတော်များမှာ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် အထူးနှစ်မြှုပ် ဆောင်ရွက်နေကြပါတယ်။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ယင်းအဖွဲ့ဝင် အချို့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ ယနေ့တိုင် အကျဉ်းကျခံနေရသူ (၁၅) ဦးရှိပါတယ်။ ယခုအခါ အာဏာ ဖြုတ်ချခံရ သည် တူနီးရှားအစိုးရကဲ့သို့ပင် မြန်မာအာဏာပိုင်များအနေဖြင့်လည်း စိတ်ဓါတ်ပြင်းထန်သော လူငယ်များကို မနှစ် သက်ကြပါ။
အစိုးရက နိုင်ငံအပေါ် သူတို့အုပ်ချုပ်လိုတဲ့ အာဏာအပေါ် ခြိမ်း‌ခြောက်မှု အန္တရာယ်တခုအဖြစ် လူငယ်အဆိုတော်တွေ ကို ရှုမြင်လျှက်ရှိပါတယ်။ လွတ်လပ်မှုကို ယုံကြည်တဲ့သူတွေအတွက် လူငယ်အဆိုတော်တွေဟာ ခွဲခြားဆက်ဆံမှု၊ တ ဘက်သတ်စည်းမျဉ်းတွေ၊ ဖိနှိပ်မှု၊ မတရားမှုတွေနဲ့ အုပ်ချုပ်မှုကင်းတဲ့ အနာဂတ်ကို ကိုယ်စားပြုပါတယ်။

တူနီးရှားနဲ့ မြန်မာနိုင်ငံရဲ့ တူညီချက်က လွတ်လပ်မှုကို လိုလားတောင့်‌တနေကြတဲ့ ကမ္ဘာတဝှမ်းက ပြည်သူတွေကို ပေါင်းစည်းစေမှု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံ () ခုရဲ့ တော်လှန်ရေးရလဒ်ကတော့ ခြားနားပါတယ်။ ပထမဆုံးခြားနား ချက်တခုက မြန်မာစပ်တပ်က ပြည်သူတွေကို ပစ်ခတ်ပြီး၊ တူနီးရှားစစ်တပ်ကတော့ ၎င်းပြည်သူတွေကို ပစ်ခတ်မှုမပြု ခဲ့ပါဘူး။ ဒုတိယခြားနားချက်ဖြစ်ပြီး ရေရှည်အတွက် ပိုအရေးကြီးတဲ့အချက်ကတော့ တူနီးရှားတော်လှန်ရေးက ဆက် သွယ်ရေးကွန်ယက်ရဲ့ အကျိုးတရားတွေကို ရရှိခံစားခဲ့ ရတဲ့အချက်ဖြစ်ပါတယ်။

ဒီဆက်သွယ်ရေးကွန်ယက်ကြောင့် တူနီးရှားပြည်သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုမိုပေါင်းစည်းစေပြီး စည်းရုံးလှုံ့ဆော်မှုကို ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ဒီအချက်ကပဲ တူနီးရှားနိုင်ငံအပေါ် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှု ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ကွန်ယက်ကောင်းမွန်မှုကြောင့် သေဆုံးမှုဖြစ်စဉ် တခုချင်းသာမက ဒဏ်ရာရမှုဖြစ်စဉ် တခုချင်းကိုပါ မိနစ်ပိုင်းအတွင်း ကမ္ဘာကသိအောင် လုပ်ဆောင် နိုင်ပါတယ်။ ယခုအခါ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့က တော် လှန်ရေးတွေကြောင့် သူတို့နိုင်ငံက အာဏာရှင်တွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို ကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ဆီးရီးယား နိုင်ငံမှာ အသက်(၁၃)နှစ်အရွယ် လူငယ်အမျိုးသားတဦးကို အသက်သေဆုံးသည်အထိ နှိပ်စက် ညှဉ်းပန်းနေတဲ့ပုံက ဒေါသမီးကို ပိုမိုတောက်လောင်စေခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေဆီက ပြစ်တင်ရှုံ့ချ သံတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။ ဆက်သွယ်ရေးဆိုတာ ချိတ်ဆက်မိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အရှေ့အလယ်ပိုင်း တော် လှန်ရေးတွေမှာ လွတ်လပ်စွာ ချိတ်ဆက်နိုင်တဲ့ အခွင့်‌အလမ်းရှိခဲ့တာ တွေ့ရပါတယ်။

ကျမတို့ အနေနဲ့ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတို့ကို အားမကျဘူးလားဆိုရင် အားကျပါတယ်။ သူတို့ရဲ့ လျင်မြန်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ခဲ့မှုကို ကျမတို့ အားကျပါတယ်။ ဒါပေမဲ့ အားကျနေရုံနဲ့ မလုံလောက်ပါဘူး။ ကျမတို့ လှုပ်ရှားမှုအ တွက် လူသိက်ခာနဲ့ လွတ်လပ်မှုကို တန်ဘိုးထားတဲ့ အမျိုးသား/ အမျိုးသမီးအားလုံးရဲ့ စည်းလုံးမှု၊ အားသစ်လောင်း ကတိကဝတ်ပြုမှု လိုအပ်ပါတယ်။ လွတ်လပ်မှုကို ရှာဖွတေဲ့နေရာမှာ ကျမတို့အနေနဲ့ လွတ်မြောက်ဖို့ လေ့လာသင်ယူ ကြပါတယ်။ ကျမတို့ရဲ့လွတ်လပ်မှု အတွက် ယုံကြည်ချက်ကို အကောင်အထည်ဖော်ရပါမယ်။ Vaclav Havel ရဲ့ “Living in Truth” (အမှန်တရားဖြင့်‌နေထိုင်ခြင်း) ဖြစ်ပါတယ်။ မလွတ်လပ်တဲ့နိုင်ငံအတွင်းမှာ လွတ်လပ်တဲ့ ပြည်သူ တွေ အဖြစ်နေထိုင်ဖို့ ကြိုးပမ်းရာမှာ အတားအဆီး၊ အန္တရာယ်တွေရှိနေပေမယ့် ကျမတို့ ဆန္ဒအလျှောက်တာ ဝန်ထမ်း ဆောင်နေကြတာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ မှန်ကန်တယ်လို့ ယူဆတဲ့အရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်‌ ရှိပါတယ်။ လွတ်လပ်မှုဟာ ပိုမိုလွတ်လပ်မှုတွေအတွက် အန္တရာယ်ကျရောက်နိုင်တယ်လို့လဲ ယူဆထားပါတယ်။

NLD ရုံးချုပ်ကိုလာရောက်ပြီး လစာမရတဲ့အလုပ်တွေကို လာရောက်လုပ်ကိုင်ပေးနေကြတဲ့ အမျိုးသမီးကြီးတွေနဲ့ လူ ငယ်များဟာ လွတ်မြောက်ခွင့်‌ရရေးခရီးကြမ်းအတွက် ၎င်းတို့၏ ရွေးချယ်ပိုင်ခွင့်‌ အတိုင်း ဆောင်ရွက်နေကြတာ ဖြစ် ပါတယ်။

ယနေ့ အစီအစဉ်မှာ ပါဝင်ပြောကြားမှုဟာလည်း ကျမရဲ့ လွတ်လပ်စွာ ဆက်သွယ် ပြောဆိုပိုင်ခွင့်‌ကို ကျင့်‌သုံးနေတာ ဖြစ်ပါတယ်။ အတိအကျပြောရရင် ကျမ ကို ကျမ ပိုမိုလွတ်လပ်တဲ့ လူတဦးအဖြစ် ခံစားမိစေတဲ့ အခွင့်‌အရေးကို ကျင့်‌ သုံးနေတာ ဖြစ်ပါတယ်။

အတိုက်အခံလုပ်တယ် ဆိုတာ Max Weber ရဲ့ နိုင်ငံရေးအမြင်အရ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတခု ဖြစ်ပါ တယ်။ ကျမတို့အနေနဲ့ လွတ်မြောက်မှုအတွက် အတိုက်အခံလုပ်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးကို ခုံမင်မြတ်နိုး စိတ်၊ တာဝန်သိစိတ်၊ ချင့်‌ချိန်တတ်မှုတို့နှင့်‌အတူ ထပ်ခါတလဲလဲ ကြိုးပမ်းကြဖို့ ပြင်ဆင်ထားပါတယ်။ ကျမတို့ရဲ့ လွတ် မြောက်ရေး အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒီနေ့ပို့ချမှုကို ကျမနှစ်သက်တဲ့ Kipling ရဲ့ သီချင်းစာသားအချို့နဲ့ အဆုံးသတ်ချင်ပါတယ်။ ဒီစာသားတွေရဖို့ ကျမကို အကူအညီပေးခဲ့တဲ့ Tim Garton-Ash ကို ကျေးဇူး အများကြီးတင်ပါတယ်။

“I’d not give room for an Emperor – I’d hold my rood for a King. To the Triple Crown I’d not bow down – but this is a different thing. I’ll not fight with the Power of Air – sentry, pass him through! Drawbridge let fall – He’s the lord of us all – the Dreamer whose dream came true!”

ပရိသတ်များမှ လက်ခုပ်တီးကြပါသည်။
………………………………………………

No comments:

Post a Comment

Na hmuhning a tangah rak ṭial khawh a si.
Kan ruahnak i cheu cio hna usih.